ရှင်ပေတရု/ဩဝါဒစာ ဒုတိယစောင်
ရှင်ပေတရု/၏ နှုတ်ခွန်းဆက်/စကား
1
ကျွန်ုပ်/သည် ယေရှု/ခရစ်တော်/၏ အစေခံ/နှင့် တမန်တော် ရှိမုန်/ပေတရု/ဖြစ်၏။ကျွန်ုပ်တို့/၏ ဘုရားသခင်/နှင့် ကယ်တင်ရှင်/ဖြစ်တော်မူသော ယေရှု/ခရစ်တော်/၏ ဖြောင့်မတ်ခြင်း/အားဖြင့် ကျွန်ုပ်တို့/၏/ယုံကြည်ခြင်း/ကဲ့သို့ တန်ဖိုး/ရှိသည့် ယုံကြည်ခြင်း/ကို လက်ခံရရှိသော/သူတို့/ထံသို့ ကျွန်ုပ်/စာရေးလိုက်၏။
2 ဘုရားသခင်/နှင့် ကျွန်ုပ်တို့/၏/သခင် ယေရှု/ကို သိကျွမ်းခြင်း/အားဖြင့် ကျေးဇူးတော်/နှင့် ငြိမ်းချမ်းခြင်း/သည် သင်တို့/အပေါ် ကြွယ်ဝ/စွာ သက်ရောက်ပါစေသော။
ယုံကြည်ခြင်း/၌ တိုးပွားခြင်း
3 အသက်ရှင်ခြင်း/နှင့် ဘုရားတရား/ကိုင်းရှိုင်းခြင်း/တို့/နှင့် ဆိုင်သည့် လိုအပ်သမျှ/အရာ/အားလုံး/ကို ကိုယ်တော်/သည် မိမိ/၏/ဘုရား/တန်ခိုးတော်/ဖြင့် ကျွန်ုပ်တို့/အား ပေးတော်မူ၏။ ဘုန်းအသရေတော်/နှင့် ကောင်းမြတ်တော်မူခြင်း/ကို ခံစား/စေရန် ကျွန်ုပ်တို့/အား ရွေးကောက်တော်မူသော/အရှင်/ကို သိခြင်း/အားဖြင့် ဤ/အရာ/အားလုံး/ကို ကျွန်ုပ်တို့/လက်ခံရရှိကြ၏။ 4 ကိုယ်တော်/သည် မိမိ/၏ ဘုန်းအသရေတော်/နှင့် ကောင်းမြတ်တော်မူခြင်း/အားဖြင့် အဖိုးတန်/၍ ကြီးမြတ်သော/ကတိတော်/ကို ကျွန်ုပ်တို့/အား ပေးတော်မူ၏။ ဤသည်/မှာ ထို/ကတိတော်/အားဖြင့် သင်တို့/အား ဤ/လောကီ/တပ်မက်ခြင်း/ကြောင့် ဖြစ်သည့်/ပျက်စီးခြင်း/မှ လွတ်မြောက်/၍ ဘုရားဖြစ်ခြင်း/သဘော/၌ ပါဝင်/ပတ်သက်လာ/စေရန်/ဖြစ်၏။
5 ဤ/အကြောင်းအရာများ/ကြောင့် သင်တို့/၏ ယုံကြည်ခြင်း/၌ ကောင်းမှု/ပြုခြင်း/ကို/လည်းကောင်း၊ ကောင်းမှု/ပြုခြင်း/၌ အသိပညာ/ကို/လည်းကောင်း၊ 6 အသိပညာ/၌ မိမိကိုယ်ကိုယ်/ချုပ်တည်းခြင်း/ကို/လည်းကောင်း၊ မိမိကိုယ်ကိုယ်/ချုပ်တည်းခြင်း/၌ သည်းခံခြင်း/ကို/လည်းကောင်း၊ သည်းခံခြင်း/၌ ဘုရားတရား/ကိုင်းရှိုင်းခြင်း/ကို/လည်းကောင်း၊ 7 ဘုရားတရား/ကိုင်းရှိုင်းခြင်း/၌ ညီအစ်ကို/မောင်နှမ/ချစ်ခြင်း/ကို/လည်းကောင်း၊ ညီအစ်ကို/မောင်နှမ/ချစ်ခြင်း/၌ ချစ်ခြင်းမေတ္တာ/ကို/လည်းကောင်း အသီးသီး/ထပ်မံ/ဖြည့်စွက်/ရန် ကြိုးစား/အားထုတ်ကြလော့။ 8 သင်တို့/၌ ဤ/အရည်အချင်းများ/တိုးပွားနေ/လျှင် သင်တို့/သည် ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/ကို သိကျွမ်းရာ/၌ အကျိုး/ဖြစ်ထွန်း/ပြီး အသုံးဝင်/လာပါ/လိမ့်မည်။ 9 သို့ရာတွင် ထို/အရည်အချင်းများ/မရှိသောသူ/သည် အဝေးမှုန်/၍ မျက်စိမမြင်ဘဲ ယခင်/က ကျူးလွန်ခဲ့သော/အပြစ်များ/အတွက် စင်ကြယ်စေခြင်း/ခံရသည်/ကိုပင် မေ့လျော့နေ၏။
10 ထို့ကြောင့် ညီအစ်ကို/မောင်နှမတို့… သင်တို့/သည် ဘုရားသခင် ရွေးချယ်/ခေါ်ယူ/တော်မူသည့်/သူများ/ဖြစ်ကြောင်း သက်သေပြ/နိုင်ရန် ပို/၍ ကြိုးစား/အားထုတ်ကြလော့။ ဤ/သို့ ပြု/လျှင် သင်တို့/သည် ယုံကြည်ခြင်း/ကို မည်သည့်/အခါမျှ စွန့်လွှတ်မည်/မဟုတ်။ 11 ထို့နောက် ဘုရားသခင်/သည် သင်တို့/အား ကျွန်ုပ်တို့/၏ သခင်/နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှု/ခရစ်တော်/၏ ထာဝရ/နိုင်ငံတော်/ထဲသို့ ဝင်ရောက်ခွင့်/ကို အပြည့်အဝ/ပေးသနားတော်မူ/လိမ့်မည်။
ကျမ်းစာ/၌ ဖော်ပြသော/ပရောဖက်ပြု/ဟောပြောချက်
12 ထို့ကြောင့် သင်တို့/သည် ဤ/အကြောင်းအရာများ/ကို သိပြီး သင်တို့/ခံယူထားသော သမ္မာတရား/၌ မြဲမြံနေပြီဖြစ်/သော်လည်း ဤ/အကြောင်းအရာများ/နှင့်/ပတ်သက်/၍ သင်တို့/အား အစဉ်/သတိပေး/ရန် ကျွန်ုပ်/ရည်ရွယ်ထား၏။ 13 ကျွန်ုပ်/အသက်ရှင်နေ/သရွေ့ ဤ/အကြောင်းအရာများ/ကို သင်တို့/အား ဆက်လက်/သတိပေးနေ/သင့်သည်/ဟု ကျွန်ုပ်/ယူဆ၏။ 14 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/သည် ကျွန်ုပ်/အား ရှင်းလင်း/စွာ ဖော်ပြတော်မူသည့်/အတိုင်း ကျွန်ုပ်/သည် မကြာမီ ဤ/လူ့ခန္ဓာ/ကို စွန့်ပစ်/ရမည်/ဖြစ်ကြောင်း သိ/သောကြောင့်/ဖြစ်၏။ 15 ကျွန်ုပ်/သေဆုံး/ပြီးနောက်/တွင်လည်း ဤ/အကြောင်းအရာများ/ကို သင်တို့/အစဉ်/သတိရနေ/စေရန် ကျွန်ုပ်/ကြိုးစား/အားထုတ်မည်။
16 ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော် တန်ခိုး/နှင့် ကြွလာမည့်/အကြောင်း/ကို သင်တို့/အား ပြောပြ/ရာတွင် လိမ္မာပါးနပ်/စွာ ဖန်တီးထားသော/ဒဏ္ဍာရီ/ပုံပြင် များ/ကို ပြောပြခြင်း/မဟုတ်။ ကျွန်ုပ်တို့/သည် ထို/အရှင်/၏ ကြီးမြတ်သော/တန်ခိုးတော်/ကို ကိုယ်တိုင်/ဖူးမြင်ရသူများ/ဖြစ်ကြ၏။ 17 ကိုယ်တော်/သည် ခမည်းတော်/ဘုရားသခင်/ထံမှ ဂုဏ်အသရေ/နှင့် ဘုန်းအသရေ/ကို ခံယူတော်မူခဲ့၏။ ထိုစဉ် ဘုရားသခင်/၏ ကြီးမြတ်သော/ဘုန်းတော်/ထံမှ “ဤ/သူ/သည် ငါ/နှစ်သက်မြတ်နိုးသည့် ငါ/၏ ချစ်သား/ဖြစ်၏”a ဟူသော အသံတော်/သည် ထွက်ပေါ်လာ၏။ 18 ကျွန်ုပ်/တို့/သည် သန့်ရှင်းသော/တောင်ပေါ်/၌ ကိုယ်တော်/နှင့် အတူ ရှိ/နေစဉ် ကောင်းကင်ဘုံ/မှ ထွက်လာသော ထို/အသံတော်/ကို ကိုယ်တိုင် ကြားခဲ့ရ၏။
19 ထို့ပြင် အပြည့်အဝ/ယုံကြည်/စိတ်ချရသော ပရောဖက်ပြု/ဟောပြောချက်များ/လည်း ကျွန်ုပ်တို့/၌/ရှိ၏။ ထို/ဟောပြောချက်များ/သည် သင်တို့/နှလုံးသား/၌ အရုဏ်တက်/၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်/တိုင်အောင် အမှောင်/အရပ်/တွင် လမ်းပြ/ထွန်းလင်းနေသည့်/ဆီမီး/သဖွယ် ဖြစ်/သောကြောင့် သင်တို့/သည် ထို/ဟောပြောချက်များ/ကို ကောင်းစွာ ဂရုစိုက်/ရမည်။ 20 ကျမ်းစာ/၌ ပါသော/ပရောဖက်ပြု/ဟောပြောချက်/အားလုံး/သည် ပရောဖက်/၏/ကိုယ်ပိုင်/အနက်/ဖွင့်ဆိုချက်/မဟုတ်ကြောင်း ဦးစွာ/သိမှတ်/ရမည်။ 21 အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြု/ဟောပြောချက်/သည် မည်သည့်/အခါ/မျှ လူ့/အလို/အရ ဖြစ်ပေါ်လာသည်/မဟုတ်ဘဲ သန့်ရှင်းသော/ဝိညာဉ်တော်/၏ နှိုးဆော်ခြင်း/ကို ခံရသော/သူတို့/သည် ဘုရားသခင်/ထံမှ လာသော/စကား/ကို ဟောပြော/သောကြောင့်/ဖြစ်၏။